Home > axmufcHjcif; > အမေးအဖြေ

axmufcHjcif;

အလုပ်ခန့်ထားမှုစနစ်

အလုပ်ခန့်ထားမှုစနစ်အရ လုပ်ငန်းခွင် ပြောင်းလဲပါက လုပ်ငန်းခွင်အပြောင်းအလဲ အကြိမ်အရေအတွက် အကျုံးဝင်ပါလား။

  • အလုပ်သမားစင်တာမှ အလုပ်ခန့်အပ်မှုအတည်ပြုလွှာ ထုတ်ပြီးလျှင် လုပ်ငန်းရှင်နှင့် နိုင်ငံခြားသားလုပ်သား၏ အလုပ်ခန့်ထားမှုစာချုပ် ချုပ်ဆိုကြပြီး

D-3မှ E-9သို့ နေထိုင်မှုဗီဇာ ပြောင်းလဲထားသော နိုင်ငံခြားသား လုပ်သားသည် နိုင်ငံခြားသား လုပ်သား ခန့်ထားစီမံရေးဆိုင်ရာ ဥပဒေနှင့် သက်ဆိုင် အကျုံးဝင်ပါသလား။

  • ‘၀၇.၆.၁ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်အရ D-3 နေထိုင်ခွင့်ဗီဇာ ရရှိထားသူသည် အထက်ပါ ဗီဇာကိုင်ဆောင်သူသည် ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် အလုပ်ခန့်ထားမှု စနစ် MOU နားလည်မှု သဘောတူစာချွန်လွှာ ရေးထိုးထားသော နိုင်ငံသား လုပ်သားဖြစ်ပါက နေထိုင်ခွင့်ဗီဇာကို E-9သို့ ပြောင်းလဲနိုင်ပြီး နိုင်ငံခြားသား ခန့်အပ်မှုဆိုင်ရာ ဥပဒေတွင် အကျုံးဝင်သည်။

လုပ်ငန်းရှင်၏ အကြမ်းဖက်သော အပြုအမူကြောင့် လုပ်ငန်းခွင် ပြောင်းလိုပါက ပြောင်းလဲနိုင်ပါသလား။

  • နိုင်ငံခြားသား လုပ်သား၏ လုပ်ငန်းခွင် ပြောင်းလဲခြင်း လျှောက်ထားမှုသည် (နိုင်ငံခြားသား လုပ်သား ခန့်ထားမှုနှင့် သက်ဆိုင်သော ဥပဒေ) ပုဒ်မ ၂၅ အပိုဒ် ၁ သတ်မှတ်ချက်အရ ၄င်း၏ အပြုအမူကို လုပ်ငန်းရှင်က တာဝန်ယူမှု မယူမှုနှင့် သက်ဆိုင်သည်။
  • “ နိုင်ငံခြားသား လုပ်သား၏ တာဝန်ဟု မသတ်မှတ်သော အကြောင်းပြချက်ဖြင့် လက်ရှိ လုပ်ငန်းခွင်တွင် လုပ်ငန်းတာဝန်ကို ဆက်လက် မလုပ်ဆောင်နိုင်ပါကြောင်း အတည်ပြုပြီး” လုပ်ငန်းခွင် ပြောင်းလဲခြင်း လျှောက်ထားမှုကို ရနိုင် မရနိုင်ကို ဆုံးဖြတ်ခြင်း။

နိုင်ငံခြားသား လုပ်သားသည် အနာရောဂါဖြစ်ပွားပါက လုပ်ငန်းနေရာ ပြောင်းလဲခွင့် ရှိ၊ မရှိ။

  • လုပ်သားသည် ‘ အရေပြား ယားနာပေါက်ခြင်း’ နှင့် ‘အရေပြား ခြောက်သွေ့မှု’ ရှိသည်ဟူသော ဆေးစစ်ချက်များ ထွက်ရှိထားပါက‘ နောက်ပိုင်း ရေနှင့် ငါးဖမ်းလုပ်ငန်းပိုင်း တာဝန်ထမ်းဆောင်လျှင် အရေပြားအခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်’ ဆိုသည့် ရေသားမှုများ ရှိပြီး ရေနှင့် ငါးဖမ်းလုပ်ငန်း၏ သဘာဝအရ လေနှင့် ပင်လယ်ရေကို ရှောင်လွှဲနိုင်မည် မဟုတ်သည့် အချက်ကို ထည့်သွင်း စဉ်းစားပြီး ရေနှင့် ငါးဖမ်းလုပ်ငန်းတွင် အလုပ်ဆက်လက် လုပ်ကိုင်ခြင်းမှာ မဖြစ်နိုင်ကြောင်း သတ်မှတ်သောကြောင့် အထူးအခွင့်အရေး သဘောဖြင့် တခြား လုပ်ငန်းသို့ လုပ်ငန်းခွင် ပြောင်းလဲခြင်း ပြုလုပ်နိုင်ရန် ခွင့်ပြုထားသည်။
  • သို့သော်လည်း လုပ်ငန်း ပြောင်းလဲမှုသည် ‘လယ်ယာစိုက်ပျိုးရေး’ လုပ်ငန်းဘက်သို့သာ ပြောင်းလဲနိုင်သည်။
  • အထက်ပါ အခြေအနေတွင် နိုင်ငံခြားသား လုပ်သား၏ ရောဂါ အခြေအနေကို သေချာ အတည်ပြုထားရမည် ဖြစ်ပြီး အထူးအခွင့်အရေးဖြင့်သာ လုပ်ငန်းတစ်ခုနှင့် တစ်ခု ပြောင်းလဲခွင့် ရှိခြင်းဖြစ်သည်။

စက်မှုထုတ်လုပ်တွင် လုပ်ကိုင်နေသော နိုင်ငံခြားသားသည် တခြား လုပ်ငန်းသို့ ပြောင်းလဲရာမှ နောက်ထပ်တဖန် စက်မှုထုတ်လုပ် လုပ်ငန်းသို့ လုပ်ငန်း ပြောင်းလဲမှု ပြုလုပ်နိုင်ပါသလား။

  • စက်မှုထုတ်လုပ် ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားသည် လုပ်ငန်းခွင် ပြောင်းလဲမှု လျှောက်ထားချိန်တွင် စက်မှုထုတ်လုပ် လုပ်ငန်း မဟုတ်သည့် လယ်ယာစိုက်ပျိုးရေး၊ ရေနှင့် ငါးဖမ်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသို့ စသည် နှစ်ခုထက်ပိုသော လုပ်ငန်းခွင် ပြောင်းလဲမှု လျှောက်ထားလျှင် လုပ်ငန်း ပြောင်းလဲမှုကို ပြောင်းလဲခွင့် ပြုထားပြီး လုပ်ငန်းခွင်မှ လုပ်ငန်းခွင် ပြောင်းလဲလျှောက်ထားသူသည် သက်ဆိုင်ရာ ပြောင်းလဲထားသော လုပ်ငန်းတွင် ပုံမှန် တာဝန်ထမ်းဆောင်ရာမှ လုပ်ငန်းခွင်ပြောင်းလဲရန် အကြောင်းကိစ္စ ပေါ်ပေါက်ချိန်တွင် စက်မှုထုတ်ကုန်လုပ်ငန်းသို့ လုပ်ငန်းခွင် ပြောင်းလဲခြင်းကို လျှောက်ထားနိုင်သည်။

အလုပ်ဆက်လက် မခန့်ထားလိုကြောင်း လျှောက်ထားမှုကို လက်ခံမရရှိသောကြောင့် လုပ်ငန်းခွင် ပြောင်းလဲခြင်း ပြုလုပ်နိုင်သော ကာလ ၁လ ကျော်လွန်သွားချိန်တွင် ထို နိုင်ငံခြား လုပ်သားကို ကူညီဆောင်ရွက်ပေးနိုင်ပါသလား။

  • အလုပ်သမားစင်တာတွင် လုပ်ငန်းရှင်သည် အလုပ်ဆက်လက် မခန့်ထားလိုကြောင်းကို လျှောက်ထားသော်လည်း လုပ်ငန်းခွင် ပြောင်းလဲမှု လျှောက်ထားခြင်း မရှိသော နိုင်ငံခြားသား စာရင်းကို ရှာဖွေမှတ်တမ်းတင်ပြီး အလုပ်ထွက်ပြီး ၁လ အတွင်း လုပ်ငန်းခွင်ပြောင်းလဲမှု လျှောက်ထားနိုင်အောင် အထူး စီမံပေးမှုများကို စီမံဆောင်ရွက်လျှက်ရှိသည်။

လုပ်ငန်းခွင် ရပ်တန့်မှုကြောင့် လုပ်ငန်းခွင် ပြောင်းလဲသော နိုင်ငံခြားသားလုပ်သား၏ အလုပ်ရှာဖွေရေး ကာလ အတွင်း အလုပ်တဖန်ရရှိရေး ပြုလုပ်ဆောင်ရွက်မှုများကို ကူညီဆောင်ရွက်ပေးပါသလား။ (အလုပ်ရှာဖွေရေးကာလတွင် အလုပ်ပြန်လည် မရရှိသော အခြေအနေတွင်)

  • ၃လတာ အလုပ်ရှာဖွေရေးကာလ အတွင်း လုပ်ငန်းခွင်ပြောင်းလဲခြင်း(အလုပ်ပြန်လည်) မရရှိလျှင်သော်လည်းကောင်း ၃နှစ် သို့ ၄နှစ် ၁၀လတာ လုပ်ငန်းကာလ ကုန်ဆုံးလျှင်သော်လည်းကောင်း အမိနိုင်ငံသို့ သေချာပေါက် ပြန်ရမည်ဖြစ်သည်။

လုပ်ငန်းတာဝန်အရ ထိခိုက်အနာဖြစ်ပွားခြင်းကြောင့် လုပ်ငန်းခွင် ထွက်ပြေးခြင်း၊ လုပ်ငန်းခွင်ပြောင်းလဲခြင်း လျှောက်ထားခြင်း

  • စက်မှုလုပ်ငန်း ထိခိုက်မှုကြောင့် ထိခိုက်အနာရရှိကြောင်း သေချာပြီး စက်မှုလုပ်ငန်းထိခိုက်မှု အတည်ပြုလွှာ လက်ခံရရှိပြီးပါက လုပ်သားသည် ၄င်း လုပ်ငန်းခွင်တွင် ဆက်လက် မလုပ်ကိုင်နိုင်ကြောင်း ငြင်းဆန် ဆန့်ကျင်ပြီး ဥပဒေအရမဟုတ်သော လုပ်ငန်းခွင်မှ ထွက်လိုသော အခြေအနေတွင် လုပ်ငန်းခွင် ပြောင်းလဲခြင်း လျှောက်လွှာနှင့် တကွ လူဝင်မှုကြီးကြပ်ရေးရုံးတွင် အလုပ်ထွက်ခြင်း လျှောက်ထားမှုကို ပြုလုပ်ပြီး အိုဗာစတေး လုပ်သား ဖြစ်နိုင်မှု အနေအထားကို ဥပဒေအရ ပြောင်းလဲမှုပြုလုပ်ပေးရန် လျှောက်ထားသည့် အခြေအနေရှိသည်။